Bypass Child Mode Error

Bypass Child Mode Error 
Child Mode မှာပြန်ထွက်မရတဲ့ မိတ်ဆွေများအတွက်ဖြစ်ပါတယ်။ မေးခွန်းတွေအတွက် အဖြေရှာဖို့ နည်းလမ်းအချို့ ရှိရာမှာ အသင့်တော်ဆုံးနည်းလမ်းကို ရှာဖွေဖို့ ကျွန်တော့်ဖုန်းကို Child Mode ဝင်ခဲ့ပါတယ်။ အဆိုးဆုံး အခြေအနေကိုဖန်တီးဖို့အတွက် ဘာ app ကိုမှ permission မပေးခဲ့ပါဘူး။ ဒါကြောင့် Child Mode မှာ ဘာမှမပေါ်ဘူးပေါ့
အဆင့် (၁)
ပထမဆုံး ကိုယ့်ရဲ့ဖုန်းကို လုံးဝပိတ်ပြီးပြန်ဖွင့်ပါ။ သတိရှိရန် ** ဖုန်းပြန် ပွင့်လာရင် Lock မဖြည်မိပါစေနဲ့ သို့မဟုတ် Fingerprint နဲ့မဖြည်ပါနဲ့ ပါဝါပြန်တက်လာရင် ဒီတိုင်းထားပါ။ Lock Screen ပေါ်နေပါစေ။
အဆင့် (၂)
Lock Screen ကိုရောက်အောင်မျက်နှာပြင်ကို Swipe လုပ်လိုက်ပါ PIN ထည့်ရန်နေရာ သို့မဟုတ် pattern နေရာကိုရောက်သွားပါမယ်။ ဒါဆို အဲသည်နေရာမှာ အောက်ဘက်နားဆီကိုကြည့်လိုက်ပါ။ Emergency ဆိုတဲ့ အရေးပေါ်ခေါ်ဆိုရန်နေရာကို ရောက်ရှိသွားပါလိမ့်မယ်။
အဆင့် (၃)
၁၂၂ လို့နံပါတ်ရိုက်ပြီး ခေါ်လိုက်ပါ။ ဖုန်းခေါ်နေစဉ် ဖုန်းရဲ့ Dialing မျက်နှာပြင်မှာ Contact လေးပေါ်နေတာရှိပါတယ်( လူပုံလေးပါ ) သူ့ကိုနှိပ်ပြီးတာနဲ့ Password or PIN တောင်းရင် ပေးလိုက်ပါ။ ဒါဆို Recent ရယ် Contact ရယ် Yellow Pages ဆိုတဲ့နေရာရယ်ကို ရောက်သွားပါပြီ။ Yellow Pages ကိုနှိပ်ပါ
အဆင့် (၄)
ပါဝါခလုတ်ကိုဖိထားလိုက်ပြီး လေယာဉ်ပုံစံ Airplane Mode ကိုဖွင့်လိုက်ပါ။ Status Bar မှာ လေယာဉ်ပုံလေးပေါ်လာပါလိမ့်မယ်
အဆင့် (၅)
Yellow Pages ခေါင်းစဉ်အောက်က icon အဝိုင်းလေး တစ်ခုခုကို နှိပ်လိုက်ပါ။ အင်တာနက်ကိုချိတ်ဆက်မရတဲ့အတွက် Network Setting ကိုသွားဖို့ Button လေးမြင်ရပါလိမ့်မယ်
အဆင့် (၆)
Network Setting ကိုနှိပ်ပြီး ဝင်လိုက်ရင် Setting ထဲရောက်သွားပြီ ဖြစ်ပါတယ်
အဆင့် (၇)
ဟုတ်ကဲ့ Child Mode လေးရှာပြီးပိတ် .. Home ခလုတ်လေးနှိပ် .. ပျော်စရာပေါ့ဗျာ
MIUI Myanmar Fan Site Team
Credit to MIUI Myanmar
https://www.facebook.com/miuimyanmar

10:00:00 PM
About Myanmar Mi Fan

xiaomi နှင့်ပတ်သက်သော Tutorial Post များအား လေ့လာသူများ တစ်နေရာတည်းတွင် အချိန်ကုန်သက်သာစွာရှာဖွေ Download လုပ်နိုင်ရန် ရည်ရွယ်ပြီး ပညာရှင်များစွာ၏ post များအားစုစည်းဖော်ပြထားသော Blog ဖြစ်ပါသည်။ ပြု ပြင်ဆဲ ကာလ ဖြစ်သည့်အတွက် အခက်အခဲများ ၊ လင့် တချို့ အလုပ်မလုပ်ခြင်းများ ရှိပါသည်။ xiaomi Myanmar Admin Team ! Google+.

Get updates in your email box
Complete the form below, and we'll send you the best coupons.

Deliver via FeedBurner

Follow Me On Facebook

Copy Right © 2015 XMS-MMF.
Powered by PhoneHayKo - XMS.
back to top