Redmi 2 လိုင်းပျောက် Firmware တင်မရသူများ ဒါလေးတွေနဲ့လေ့လာပြီးတိုက်စစ်ကြည့်ပါ

Redmi 2 အကြောင်း ဖတ်မိတာလေးပါ။
တင်လိုက်ရင် လိုင်းပျောက်တာတွေ ဘာကြောင့်ဖြစ်ရတာလဲ။
ဘယ်လို ပြန်ကုစားလို့ ရလဲ စသဖြင့်ပေါ့။
ပထမဆုံး Redmi 2 ဘယ်နှစ်မျိုးထွက်လဲ ဆိုတာ စကြည့်ကြည့်ရအောင်။
အမှန် Redmi 2 က Device ID ၃မျိုးနဲ့ လာပါတယ်။
၁။ HM2014811
၂။ HM2014812
၃။ HM2014813
၁။ HM2014811 က China Unicom (1GB RAM, 8GB storage)
4G Network : FDD-LTE (B1 / B3); TDD-LTE (B41: 2555-2575 MHz)
3G Network : WCDMA (900 / 1900 / 2100 MHz)
2G network : GSM (900 / 1800 MHz)
၂။ HM2014812 က China Telecom (Redmi 2 CDMA)
4G Network : FDD-LTE (B1 / B3); TDD-LTE (B41: 2635-2655MHz / 2555-2575 MHz)
3G Network : CDMA (2000 / EVDO Rev.A 3G); WCDMA (850 / 1900 / 2100 MHz)
2G network : GSM (900 /1800 / 1900MHz); CDMA1x
၃။ HM2014813 က China Mobile (2GB RAM, 16GB storage)
4G Network : TDD-LTE (B38 / B39 / B40 / B41: 2555-2655 MHz); FDD-LTE (B3 / B7)
3G Network : TD-SCDMA (1900 / 2100 MHz); WCDMA (850 /1900 / 2100 MHz)
2G network : GSM (900 / 1800 / 1900 MHz)
ခု အဖြစ်များကြတဲ့ ပြဿနာက CMCC ကို Global rom နဲ့ ကစ်ထည့်လိုက်ရင် CMCC ကနေ CU ဘဝကို ပြောင်းသွားပြီး လိုင်း မတက်တော့သလို ဘာ rom မှ ထပ် flash လို့ မရတော့ဘူးလို့  သိရပါတယ်။
ပြဿနာ ဇစ်မြစ်
==========
ဒီပြဿနာရဲ့  အဓိက တရားခံက Modem လို့ ထင်စရာရှိတယ်။
ဘာလို့ လဲဆိုတော့ fastboot rom ပြန်တင်ကြည့်ရင် China rom(2014813) ထဲက Modem file ကို Global rom(2014811) ထဲမှာ ထည့်ရိုက်ရင် လိုင်းပြန်တက်သွားတယ်။
OTA တော့ တင်မရတော့ဘူး။
အဲ့တော့ လိုင်းမတက်တာက Modem ကြောင့်ဖြစ်ပီး
firmware တင်ရင် failed ဖြစ်တာက Device ID မတူလို့ လို့ ကောက်ချက်ဆွဲလို့ ရပါတယ်။
ဖြေရှုင်းနည်း
========
2014813 အတွက် China fastboot rom ကိုရိုက်ရာမှာ ID ကို verify မလုပ်ခိုင်းအောင် အပေါ်ဆုံး command ၂ကြောင်းကို ဖျက်ချပြီး flash ရမှာပါ။
ဟုတ်သည်ရှိ မဟုတ်သည်ရှိ ဖောကြည့်တာ
မှားနေရင်လည်း ပြင်ပေးကြပါ။ smile emoticon
— with Tin Htay Ag and Daw Khaing Su Hlaing.

Credit to
Iric Hong

ထပ်မံဖြည့်စွက်ချက်

redmi2 တွေကို Twrp or cwm တွေကနေ Flash ရင် 

installiation aborted error (status7) ဆိုတဲ့ စာသားတွေနဲ့တကွ

This Package is for "HM2014811" decives; this is a "HM2014813" ( အပေါ်မှာ Firmware ဖိုင်ကိုပြင်ပြီးတင်ဖို့ပြောပေးထားပါတယ်). 
အစရှိတဲ့ မိမိတင်လိုက်တဲ့ firmware file နဲ့ ဖုန်းနဲ့ မကိုက်ဘူးဆို ပြီး error တက်တာမျိုးတွေကြုံရပါတယ်။
အဖြစ်အများဆုံးပြသနာပါ တင်လို့ရခဲ့ရင်တောင် အပေါ်မှာပြောခဲ့သလို လိုင်းပျောက်တဲ့ error မျိုး ကိုကြုံတွေ့ရတတ်ပါတယ် အဲ့လိုတွေဖြစ်လာခဲ့ရင် မိမိဖုန်းရဲ့ about model ကိုသေချာစစ်ဆေးပြီး သက်ဆိုင်ရာ မော်ဒယ်နဲ့ firmware ဖိုင်တွေကို မှန်ကန်စွာ ရွေးချယ် နိုင်မယ်ဆိုရင် တော့ ပြန်လည်အဆင်ပြေသွားမှာဖြစ်ပါတယ်။
ဆက်လက်ပြီး redm2 နဲ့ပတ်သက်ပြီး ဆရာအစ်ကိုအစ်မတွေထင်မြင်ယူဆချက်လေးတွေပေးထားတာကို ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်။


  • 14 hrs · Like
  • Tin Htay Ag 2014811 နဲ့ 2014813 က ခနခနမှားပီး တင်မိကြတာများတယ် နောက်တမျိုးကတော့ ဘာလဲမသိဘူး အဲဒါကိုပြောတာလား အန်တီစု
    14 hrs · Like · 2
  • Daw Khaing Su Hlaing otaနဲ့တင် လိုင်းပျောက်တာလေ
    14 hrs · Like · 1
  • Tin Htay Ag တချို့က custom recovery ကိုမှားတင်မိကြတယ်.. အဲ့တော့ status 7error တတ်တယ်ဆိုလားပဲ... ဟိုတနေ့က ဆရာကြပ် လင့်ပေးထားတာ တွေ့မိသလိုပဲ ဖြေရှင်းနည်းတွေ
    14 hrs · Like · 2
  • Daw Khaing Su Hlaing ဒါကြောင့်တယောက်ယောက်ရှင်းပြပါတယ်လို့ အလုပ်ရှုပ်နေတော့ ကူးမထားမိဘူး frown emoticon
    14 hrs · Like · 1
  • Little Kash ကို Aung KhaingOo ရွာလည်ပြီးပြီ...
    ကိုမင်းမွန်းဖုန်းနဲ့လေ...
    14 hrs · Like
  • Daw Khaing Su Hlaing ဒါဆို အားကိုးဗျစေ ပြန်ရှင်းပြပါ
    14 hrs · Like · 1
  • Little Kash ROMမတူတာအမရေ... OTAလည်းမတူးဘူး... 11နဲ့ဆုံးတာကတမျိုး.. 13ကတစ်မျိုး...
    မှားတင်မိရင် Imeiပျောက်တယ်...
    Imeiရှိရင်တောင် လိုင်းမမိဘူး...

    Sim cardကြီး detectဖစ်နေရဲ့သားနဲ့...
    14 hrs · Like · 2
  • Daw Khaing Su Hlaing OTAကိုတော့ ဘာလို့မှန်အောင်မပေးတာလဲ ဟင်
    14 hrs · Like · 2
  • Little Kash ပိုဆိုးတာက အာ့ကိစ္စပဲ...
    OTAမှာက 11တို့ 13တို့မခွဲထားဘူးဗျ...
    ကိုမင်းမွန် OTA updateလုပ်တော့...

    File sizeက 300MB ကျော်သဗျ...
    14 hrs · Like · 2
  • Daw Khaing Su Hlaing ဆိုးပ
    14 hrs · Like
  • Little Kash Miလည်း တဖြည်းဖြည်းရှုပ်လာပြီဗျ...
    14 hrs · Like · 2
  • Daw Khaing Su Hlaing ကိုယ့်ပစ္စည်းတောင် ကိုယ်မှန်အောင်မပေးဘူး။ ဟိုနေ့က 6.6.1မတင်ဖို့ ကိုသူရထွန်းလာပြောတယ် ကိုမင်းမွန်လဲ အဲ့ဒါပဲလား
    14 hrs · Like · 1
  • Little Kash ဟုတ်မယ်ထင်တယ်... ကျနော်သေချာမမှတ်လိုက်ဘူး... စကားမစပ် မနက်ဖြန်postတခုတင်ခွင့်ပြုပါလို့...
    YGN MMFက ရေဘေးအတွက် အလှူလုပ်ချင်လို့ပါ...
    14 hrs · Like · 4
  • Aung KhaingOo ဆရာကြပ်တင်ပေးထားတာ Redmi Note 3G အတွက်တဲ့။ တခြားဖုန်းအတွက်တော့ မတွေ့ဘူး။
    13 hrs · Like · 2
  • Aung KhaingOo ကျွန်တော် သိသလောက်ကတော့ အခုနောက်ဆုံးထွက်တဲ့ Redmi2 Ram2GB, ROM 16GB က 2014813 miui version CMCC နဲ့ဆုံးတယ်ဗျ။ အဲ့ဒီဖုန်းကို ကျွန်တော့်မှာရှိတဲ့ DEV rom latest ကိုမြှင့်လိုက်တာ CU ဖြစ်သွားပြီး လိုင်းမတက်တော့ဘူး။ global rom ပြန်ပြောင်းလည်း အတူတူပဲ။ http://en.miui.com/download-261.htmlက ROM တွေ တစ်ခုမှတင်လို့မရဘူးဗျ။ 13 အတွက် rom က သက်သက်လိုဖြစ်နေတယ်။ ဘယ်ကသွားဒေါင်းရမှန်းလဲမသိဘူး။ but OTA update ကတော့ ပေးနေတာပဲဗျ။

    ,Xiaomi MIUI Official Forum
    EN.MIUI.COM|BY XIAOMI MIUI OFFICIAL FORUM
    13 hrs · Like · 2
  • Aung KhaingOo ဒီက ROM တွေနဲ့တော့ ရလောက်မယ်ဗျ။
    http://www.miui.com/download-273.html#381


    ,MIUI论坛
    MIUI.COM|BY DISCUZ! TEAM AND COMSENZ UI TEAM
    13 hrs · Like · 4
  • Aung Thu Win ကို Aung KhaingOo ... ကျွန်တော် တစ်ခါဖြစ်ဖူးတယ် ။ နယ်ကအသိတစ်လုံး ROM ပြန်တင်လိုက်တာ CU ဖြစ်သွားပြီး လိုင်းမမိတော့တာ ၊ CMCC ဘယ်လိုမှပြန်ပြောင်းမရဘူး ။ အာ့ Win က ကို Sai Arkar ဆီပြန်ပြလိုက်မှပဲ CMCC ပြန်ဖြစ်သွားတယ် ။ မည်သို့လုပ်လိုက်သည်မသိပေါ့ smile emoticon
    13 hrs · Like · 3
  • Aung KhaingOo ဟုတ်တယ်ဗျ။ en site က china rom လည်း CNCF ပဲ ဒါပေမယ့် မရဘူး။ အခု china site ကတော့ global လည်း CNCF, china rom လည်း CNCF ပဲ။ china site က rom တွေမှပဲ ရမယ်ဗျ။
    13 hrs · Like · 2
  • Tin Htay Ag အဓိကကတော့ mobile operator တွေကြောင့်ပဲဖြစ်မယ်ထင်တယ် အကိုကြီး.. cu, cmcc အားလုံးက operator name တွေဆိုတော့
    13 hrs · Like · 4
  • Aung KhaingOo hote, ဘူးခွံနောက်မှာဖတ်ကြည့်တော့ 11, 13 မတူရင် Notwork frequency တွေမတူဘူးဗျ။
    13 hrs · Like · 4
  • Tin Htay Ag ၁၃က ၄ဂျီထင်တယ် ရမ်က ၂ဂစ်
    13 hrs · Like · 4
  • Aung KhaingOo ၂ခုလုံးက 4G ပဲဗျ။
    13 hrs · Like · 3
  • Aung KhaingOo forum တွေမှာတော့ 13 ကို TD လို့လည်းပြောတယ်ဗျ။ ဒါပေမယ့် ရန်ကုန်မှာတော့ အဲ့ TD က H+ က မဆင်းဘူး။ grin emoticon
    13 hrs · Edited · Like · 5
  • Aung Thu Win ဟုတ်တယ် အစ်ကိုတို့ ... Network ပိုင်းကို ပြဿနာတက်နေတာ ... ခက်တာက ROM ကို ကွဲကွဲပြားပြား မပေးထားတာက မျက်စိတော်တော်လည်တယ် ။ ကျွန်တော်လည်း ရှိသမျှ အကုန်ဒေါင်းပြီး တင်တာတောင်မရလို့
    13 hrs · Like · 3
  • Zeyar Lin ကျနော့်ညီ update ပေးလို့ တင်ထားတာတဲ့ stable rom 6.6.2 ထင်တယ် အဲ့ဒါ update ပြီးတော့ မြန်မာစာမရတော့လို့ဆိုပြီး ကျနော့ကို လာပြတော့ လိုင်းလည်းမတက်ဘူးလေ ဒါနဲ့ dev rom ဒေါင်းပြီး ပြန်တင်လိုက်တာ ဖလန်းဖလန်း ဖြစ်သွားပြီ အခုညပဲ လုပ်လိုက်တာ
    9 hrs · Like · 4
  • Zeyar Lin Unicom ပဲတင်နော်
    9 hrs · Like · 2
  • Hazel Cho nt grin emoticon
    9 hrs · Like
  • 7 hrs · Like
  • ရူပနာမ ခန္ဓ Globel Dev Rom 5.7.16>5.7.26 ကို Thursday က Update 300.60mb လားမသိဘူး မတင်ခင်သေချာစစ်ရသေးတယ် 2014813 အတွက် ဆိုတော့မှတင်လိုက်တာ ok ပါတယ်
    5 hrs · Edited · Like · 3


12:07:00 AM
About Myanmar Mi Fan

xiaomi နှင့်ပတ်သက်သော Tutorial Post များအား လေ့လာသူများ တစ်နေရာတည်းတွင် အချိန်ကုန်သက်သာစွာရှာဖွေ Download လုပ်နိုင်ရန် ရည်ရွယ်ပြီး ပညာရှင်များစွာ၏ post များအားစုစည်းဖော်ပြထားသော Blog ဖြစ်ပါသည်။ ပြု ပြင်ဆဲ ကာလ ဖြစ်သည့်အတွက် အခက်အခဲများ ၊ လင့် တချို့ အလုပ်မလုပ်ခြင်းများ ရှိပါသည်။ xiaomi Myanmar Admin Team ! Google+.

Get updates in your email box
Complete the form below, and we'll send you the best coupons.

Deliver via FeedBurner

Follow Me On Facebook

Copy Right © 2015 XMS-MMF.
Powered by PhoneHayKo - XMS.
back to top